မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆင်မရဲရွာက အကြမ်းဖက်စစ်အုပ်စုတွေ ထိခိုက်သေဆုံးပြီး စခန့်စွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ တပ်ကြပ်အဆင့်ရှိသူ ၁ယောက်နဲ့ပျူစောထီး ၃ယောက်သေဆုံးခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO ရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။

စက်တင်ဘာ ၂၁ရက်နေ့မှာ ဆင်မရဲရွာ ပျူစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ 

ဒါကြောင့်တော်လှန်ရေးတပ်တွေက ရွာကိုပိတ်ဆို့ပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စက်တင်ဘာ ၂၄ရက်၊ မနက်အစောပိုင်းမှာပဲ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဆင်မရဲရွာအတွက် စစ်ကောင်စီက Mi35 ၊ ဂျက်ဖိုက်တာတို့နဲ့ ၂ကြိမ်စီ လေကြောင်းပစ်ကူပေးခဲ့သလို ရေစကြို မြို့ဖူလုံရေးတပ်ကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးခဲ့ပြီး မြင်းခြံမြို့ကနေလည်း စစ်ကူတွေရောက်လာခဲ့တယ်လို့ သိရပါတယ်။

“၂၁ ရက်နေ့ မနက် ၅နာရီ လောက်ကစလို့  ပျူခေါင်းဆောင်အိမ်ရယ်၊ စခတွေနေတဲ့ စာသင်ကျောင်းရယ် ၊ ကင်းတွေရယ်ကို ၄နေရာခွဲပြီး တပြိုင်တည်း ဝင်တိုက်ခဲ့ပါတယ်။ ကင်း ဘန်ကာတွေ သိမ်းနိုင်ပြီဆိုတော့မှ ပျူခေါင်းဆောင်အိမ်ကိုဝင်တဲ့အဖွဲ့နဲ့ ပေါင်းပြီး အဲ့အိမ်ပါ ထပ်သိမ်းခဲ့တာပါ။ ပျူခေါင်းဆောင်အိမ် သိမ်းနိုင်ပြီးတော့  စာသင်ကျောင်းကို အဖွဲ့နဲ့ ထပ်တိုက်ပါတယ်။ ကျနော်တို့ စာသင်ကျောင်း ဝိုင်းထားတဲ့ အချိန်မှာ Mi 35နဲ့ ၂ကြိမ်လာပစ်တယ်။ အဲ့နောက်မှာ ဂျက်ဖိုက်တာနဲ့ ၂ကြိမ် ထပ်လာပြီး ပစ်ပါတယ်။ လက်နက်ကြီးပစ်ကူကတော့ ရေစကြိုတပ်ထဲကနေရော ဆင်မရဲတောင်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းက ရေတင်ရုံးစခအထိုင်တပ်ကနေလည်း ပစ်တယ်ဗျ။ ကျနော်တို့လည်း ပွဲချိန်ကြာလာတာနဲ့  စာသင်ကျောင်းကို မသိမ်းနိုင်သေးခင်မှာပဲ နောက်ဆုတ်ခဲ့တာပါ။ ၂၄ရက်နေ့ မနက်အစောပိုင်းမှာတော့ သူတို့ထွက်သွားပါတယ်။ ပျူနဲ့စစ်အုပ်စုတွေ တော်တော်​သေပါတယ်” လို့ Urban Underground Revolution Force အဖွဲ့ တာဝန်ရှိသူ ကိုချမ်းက မောင်းကို ပြောပါတယ်။

ဆင်မရဲရွာကို တော်လှန်ရေးတပ်တွေဝင်ရောက်နယ်မြေရှင်းလင်းလုပ်ဆောင်ရာမှာ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်အုပ်စုတွေရဲ့ MA4 သေနတ်၁လက်၊ G3 သေနတ်၁လက်၊ ကာဘိုင်သေနတ် ၂လက်နဲ့ လက်လုပ်သေနတ် ၄လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO တာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။

“တော်တော်လေးလည်း ခက်ခက်ခဲခဲ တိုက်ခဲ့ရပါတယ်။ မနေ့က သူတို့ထွက်သွားသွားချင်းပဲ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပါတယ်။ အဓိကတော့ အင်အားမရှိတော့တာရော အထိနာတာရောကြောင့်ဆုတ်သွားတာပါ။ ” လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာ ဆင်မရဲရွာ စစ်အုပ်စုတွေက မြင်းခြံမြို့နယ်၊ ရုံးစင်ကြီးစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကြောင့် တိမ်းရှောင်နေတဲ့ အရပ်သား ပြည်သူတွေကိုလည်း ဒီနေ့(စက်တင်ဘာ ၂၅) မှာ သေချာစိစစ်ပြီး ပြန်ဝင်ခွင့်ပြုနေပြီလို့ သိရပါတယ်။

ဆင်မရဲရွာ တိုက်ခိုက်မှုကို Urban Underground Revolution Force (YSO)၊ ပခုက္ကူခရိုင် တပ်ရင်း ၃ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြိုင် ပကဖ ဒရုန်းတပ် ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO)၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေး သောက် YSO၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ Burma Revolution Force၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team၊ ညီနောင်သုံးဖော် YSO၊ Dragon Brother YSO၊ RC တပ်ပေါင်းစုနဲ့ RC ပလိပ်တပ်ပေါင်းစုအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့၊ လူပေါင်း ၄၇၁ ဦး သေဆုံးပြီး ၉၃၁ ဦး ဒဏ်ရာရရှိခဲ့

မြန်မာနိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်အပြီး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။