ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့၊ ညပိုင်းအချိန်မှာ အဲဒီအမျိုးသားဟာ စစ်ရှောင်နေရင်း နေထိုင်ရာ ရေငံရွာက နေအိမ်သို့ ပြန်လာစဉ် စစ်ကောင်စီတပ်သားတွေ မြှုပ်ခဲ့တဲ့ မြေမြှုပ်မိုင်းထိသွားတာကြောင့် ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားကို ဆေးရုံပို့ဖို့ ပရဟိတကားတွေက လာရောက် ခေါ်ဆောင်ပေမယ့် စစ်ကောင်စီတပ်သားတွေက ရွာထဲကို အဝင်မခံတာကြောင့် ဆေးကုသခွင့်မရဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“စခတွေက ဒီနယ်မြေက အမဲရောင်နယ်မြေမို့ ဝင်ခွင့်မရှိဘူးဆိုပြီး ပေးမဝင်တာ။ မိုင်းထိသေဆုံးသွားတာက သွေးထွက်လွန်တာပေါ့ဗျာ။ ဆုံးတာကတော့ ၂၄ ရက်နေ့ နေ့လည်မှာ ဆုံးသွားတာ။” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေဆုံးသွားသူဟာ ကိုအောင်မောင်း (အသက် ၃၂ နှစ်) ဖြစ်ပြီး အမျိုးသမီးဖြစ်သူနဲ့ နို့စို့အရွယ် ကလေး ၁ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့၊ ဩဂုတ်လ ၂၈ ရက်နေ့နဲ့စက်တင်ဘာ ၃ရက်နေ့တို့မှာ ရေငံရွာကို ၃ကြိမ်တိုင်တိုင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကြောင့် ရေငံရွာနေ ပြည်သူ ၇၀၀ ကျော်ဟာ ဘေးလွတ်ရာ ရှောင်တိမ်းနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။