ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အရပ်သားတွေ အိပ်မောကျချိန် လာရောက်ဗုံးကြဲချမှုကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးကာ ၁၅ယောက်ခန့် ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ ဟိုတယ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“စက်တင်ဘာလ ၂၄ရက် အစောပိုင်း ညဉ့်နက်နေတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့လာကြဲတာ။ မနက်၁နာရီကျော် လူတွေအိပ်မောကျနေတဲ့အချိန် နောက်တစ်လုံးက မနက်၄နာရီ တစ်ကြိမ်လာကြဲချသွားတာ” လို့ လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
“ရပ်ကွက်ထဲမှာရှိတဲ့ ရထိုက်ဟိုတယ်၊ ဖူလီလိုက်ဟိုတယ်တွေ ထိခိုက်ပျက်စီးတာ ရှိတယ်။ လပ်ကီးရွှေဆိုင်ကို ဗုံးသီးကျလို့ အမျိုးသမီး ၁ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်” လို့ အမှတ်၂ရပ်ကွက်နေ ဒေသခံကပဲ ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ လူနေရပ်ကွက်အတွင်းကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လားရှိုးမြို့ကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးပုံများ

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကလေးငယ်များ၏ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမည်ဟု စာသင်ကျောင်းများကို ဗုံးကြဲနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရတဲ့ နေပြည်တော်က ဝန်ကြီးဌာနအားလုံး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြောဆိုလိုက်ပါတယ်။