မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၂၀ရက်၊ နေ့လည်ပိုင်းက ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ မင်းနေကုန်းရဲစခန်းဆီ ထွက်ခွာလာတဲ့ စစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားကို ရဲစခန်းမရောက်ခင် လမ်းခုလတ်​တစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ကားပေါ်ပါလာတဲ့ စစ်ကြောရေးမှူးနဲ့ ရဲတစ်ယောက် သေပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတယ်ဗျ။ ကားလည်း ကျည်မှန်ပြီး ပျက်စီးသွားလို့ မသိမ်းယူနိုင်ခဲ့ပါဘူး။” လို့ Hero Defence Force ( မြင်းခြံ) တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ အထူးစစ်ဆင်ရေး(MDSO) အဖြစ် Hero Defence Force (မြင်းခြံ) နဲ့ MGN Tiger အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး( MDSO ) နဲ့ အတူ တော်လှန်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေးတွေ၊ စစ်အုပ်စုအထိုင်စခန်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။
ဒီလိုမျိုးတော်လှန်ရေးတပ်တွေ အားကောင်းလာတာနဲ့အမျှ အကြမ်းဖက် စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေပိုမိုလုပ်ဆောင်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်၊ ညနေပိုင်းကလည်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ယောက်နဲ့ အရပ်သား ၁၀ယောက် သေဆုံးခဲ့ရပါသေးတယ်။

ဓာတ်ပုံ – စစ်အုပ်စုကားကို ပစ်ခတ်တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းများ

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။