စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ရွှေဘိုမြို့၊ ထန်နှောင်ဝန်းကျေးရွာကို မြိုက်၊ သပြေသာက ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့ဖျက်ဆီးပြီး ပြည်သူလေးယောက်ကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလာတဲ့ စစ်ကြောင်းဟာ စတင်ဘာ ၁၆ ရက်နေ့မှာ ပန်းရံပျူရွာက ပျူစောထီး အောင်ကျော်အိမ်မှာ အောင်ပွဲခံ သောက်စားနေစဉ် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး (၃) လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ မင်္ဂလာပျူရွာကိုလည်း ကင်းဗုံးသီး (၂) လုံးချ ကြဲချပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ ပျူစောထီးရွာတွေဖြစ်တဲ့ ပန်းရံရွာနဲ့ သီလုံးပျူ ရွာတွေကို ဆက်တိုက်ဆိုသလို ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၁ ရက်နေ့မှာ ရွှေဘိုမြို့နယ် နောက်ခြမ်းက ဆိပ်ခွန်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်း၊ နောင်ကြီးအိုင် လမ်းတလျှောက် ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို ငွေညစ်နေတယ်လို့ သတင်းရရှိတာကြောင့် ရွှေဘိုခရိုင်၊ တပ်ရင်း (၄) ရွှေဘိုနယ် ရပ်/ကျေး ပကဖ၊ မြို့နယ် ပလဖ တို့ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး (၅)လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စတင်ဘာ၂၂ ရက်နေ့ မနက်ပိုင်းမှာ သီလုံး၊ ပန်းရံ ပျူရွာကို ဗုံးသီးအလုံး ၂၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာတော့ ရွှေဘိုမြို့ အနောက်ထွက် မင်းကုန်းကျေရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်အပြီး ရွှေဘိုမြို့တွင်းကနေ စစ်တပ် ကားကြီး နှစ်စီး ထွက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မနားတမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့လို ၇ ရက်တာ ဒရုန်းမစ်ရှင်အတွင်းမှာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးကာ ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်မှု အတွင်း စစ်ကောင်စီရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူ ၄ယောက် (မစိုးရိမ်) ဒဏ်ရာရကာ ပြည်သူ ၁ ယောက်ကတော့ သေဆုံးခဲ့တယ်လို့ ShweBo Crocodile က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ shwebo Crocodile၊ ရွှေဘိုမြို့နယ် ပလဖ၊ ရွှေဘိုမြို့နယ် ရပ်/ကျေး ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ မဟာမိတ် တပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Shwebo Crocodile  (ဗိုလ်မိကျောင်း)

0 Shares:
You May Also Like
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမှာ ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်း ‌စက်ရေတွင်းတူးဖေါ်မှု မြို့နယ် ပအဖ သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ ရက်က ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စက်ရေတွင်း တူးဖော်နေတဲ့နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

“ဗုံးမကြဲနဲ့ မီးပေး “ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မှာ လျှပ်စစ်မီးဖြတ်တောက်ထားမှု အပေါ်ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။