ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၇ ကြိမ် ကြဲချတိုက်ခိုက်ပြီး ၆၀ မမ လက်နက်ကြီးနဲ့ ၄ ကြိမ်ပစ်ခတ်ကာ မြေပြင်ကနေ ဝန်းရံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်ဘက်အပြန်အလှန် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေက မနက် ၁၀ နာရီ ဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို ဒေသခံတွေ သတင်းပေးပို့ချက်အရ သိရပေမယ့် အသေးစိတ်သိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အခြေခံစစ်ပညာသင်တန်းတက်ရောက်နေကြတဲ့ Northwest Plains Revolutionary Forces ရဲဘော်တွေ ရုပ်သံထုတ်ပြန် (ရုပ်/သံ)

Northwest Plains Revolutionary Forces ရဲ့ အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတက် ရောက်နေတဲ့ ရဲဘော်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်နဲ့ မြောင်မြို့နယ်အတွင်း လမ်းများ ပြုပြင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အာဏာသိမ်းစစ်တပ်ထံ သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်ကို အသုံးပြုပြီး လမ်းနဲ့ အထွေထွေပြုပြင်ရေး ပြုလုပ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့နှင့် ၄ မိုင်အကွာရှိ ခလရ ၃၉ တပ်ရင်းအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးများ PLA ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူလာပေးရင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  (PLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

''ပျူလက်ပါးစေတွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ်နဲ့ စစ်အုပ်စုကို နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။ ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ''လို့ ဒေါက်တာ တေဇစန်းက ဆိုပါတယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။