စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိကာ စစ်ရှောင်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Student’s Revolutionary Force (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၂၄ရက်၊ မနက်အစောပိုင်းက မင်းကင်းမြို့နယ်၊ ပြင်းပင်မော်ရွာကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်တွေ ပြင်းပင်မော်ရွာနဲ့ ကံရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင်အရပ်သားတွေကို ကယ်ထုတ်နေရင်း အင်အား၅၀ပါ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့ ရဲဘော် Bravo က ဆိုပါတယ်။
“စစ်တပ်က စစ်ကြောင်းထွက်လာပြီကြားတာနဲ့ ရှေ့ကနေ ကင်းထောက်ပြီး နောက်ကနေ အပြင်ကယ်ထုတ်ပေးခဲ့တာပါ။ တောထဲက စစ်ရှောင်စခန်းတစ်ခုပါပဲ။ လူတစ်ရာ ကျော်လောက်ရှိပါတယ်။ စစ်ကြောင်းသတင်းရလို့ ရှောင်ဖို့အတွက် ၁ရက်အလိုကတည်းက အသိပေးပြီး လုံခြုံရေးယူပြီး ထွက်ခိုင်းခဲ့တာပါ။”လို့ (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
မီတာ ၅၀၀ ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ အရာရှိ ၁ယောက် အသေးစားဒဏ်ရာရခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၁ယောက်လည်း ပေါင်ကို ကျည်ထိမှန်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့ တစ်ယောက်သေပြီး ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“အခုလက်ရှိသိရသလောက်ကတော့ ၁ယောက်သေပြီး ၄ယောက်ဒဏ်ရာရတယ်လို့ ကြားရပါတယ်။ ပေါင်ကိုကျည်ထိခဲ့တဲ့ ပြည်သူကိုလည်းကယ်ထုတ်ပြီး ဆေးကုသမှုလုပ်ပေးနေပါတယ်။ စစ်ဘေးရှောင်တွေထဲက တချို့လည်း အခြေအနေစောင့်ကြည့်ချင်သေးတယ်ဆိုပြီး ဝေးဝေးမပြေးဘဲ နေခဲ့တာတွေလည်းရှိတယ်။ အများစုက ဘာမှ သယ်မလာနိုင်ကြဘူး။ စားဖို့နဲ့နေဖို့ကိုတော့ လက်ရှိ လုပ်ဆောင်ပေးနေပါတယ်။ ” လို့ ရဲဘော် Bravo က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်နေ့တုန်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရေးယာဥ်တွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချထားခဲ့ပြီး အဲ့ဒီတပ်တွေနဲ့ မင်းကင်းမြို့နယ်အထိုင် စစ်ကောင်စီနဲ့ ပျူစောထီးတွေပေါင်းကာ ပြင်းပင်မော်ရွာဘက်ဆီစစ်ကြောင်းထိုးခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ရေးတင်းမာနေချိန်ထဲ ကမ်းပြည့်ရွာကို ရောက်ရှိနေတဲ့ မြို့နယ် ပကဖအဖွဲ့ဝင်တွေနဲ့ တပ်ရင်း၁ကို စစ်ရေးအကူညီတောင်းခဲ့ပေမယ့်လည်း မရခဲ့တာကြောင့် စစ်ကောင်စီက ကျောင်းသားတော်လှန်ရေးတပ်ထိန်းချုပ်ထားရာ စစ်ဘေးရှောင်စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
“သူတို့ကတော့ အထက်အမိန့်အရ တိုက်ခွင့်မရှိဘူးလို့ အကြောင်းပြန်ပါတယ်။ ရှေ့လျှောက်လည်း ကျနော်တို့က တစ်ဖွဲ့တိုက်နေရသလိုဖြစ်နေတော့ နည်းနည်း ပိုရုန်းရမယ်ပေါ့ဗျာ။ အရင်စစ်ကြောင်းတွေထိုးတုန်းကလည်း မောင်းပြန် ၁၀လက်မပြည့်ဘဲ ပြန်ခံချခဲ့တာပါပဲ။ နည်းနည်းတော့ရုန်းကန်ရမှာပါပဲ။တက်လာတဲ့ရန်သူမှန်သမျှ ကျနော်တို့က ခံပစ်မှာပဲ” လို့ ရဲဘော် Bravo က မောင်းကိုပြောခဲ့ပါတယ်။
ဓာတ်ပုံ – Student’s Revolutionary Force ( S.R.F) တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်သာတွင် စစ်ကူသွားသည့်ကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၂ယောက်သေ၊ အရှင် ၁ဦးနှင့် လက်နက်ခဲယမ်းတစ်ချို့ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။