တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ နို၀င်ဘာလ ၉ရက်နေ့မှာ ဒါရိုက်တာ စောဆေးထူး ရိုက်ကူးထားတဲ့ ဖြတ် အမည်ရ ရုပ်ရှင်ကို ပြသတော့မှာဖြစ်ပါတယ်။
ဒါဟာ မင်းမော်ကွန်းအနေနဲ့ တော်လှန်ရေးအတွက် ပထမဆုံး ပါ၀င်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။
တော်လှန်ရုပ်ရှင်အတွင်း မင်းမော်ကွန်းအပြင် အောင်မြင့်မြတ်တို့ပါ၀င်ထားပြီး ရုံတင်ရငွေတွေကို တော်လှန်ရေးအတွက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ရုပ်ရှင်ကို နယူးယောက်မြို့က Walter W.Brige III Theatre မှာ ပြသသွားမှာဖြစ်ပြီး နေ့လည် ၁၂ နာရီခွဲ နဲ့ ၂နာရီခွဲ ပွဲစဉ်နှစ်ခုပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်သရုပ်ဆောင် မင်းမော်ကွန်းဟာ သူ့ရဲ့အနုပညာနဲ့ မကြာခဏ ရန်ပုံငွေတွေရှာဖွေပေးနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကူညီပါ၀င်ပေးနေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နှောညောင်ပင်ရွာ စစ်တပ်အထိုင်စခန်းကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ တပ်ကြပ်အပါ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

ကမ္မရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

"ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်" လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။
Read More

ပေါက်ခေါင်းမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁ဦး စစ်တပ် ရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။