မကွေးတိုင်း စလင်းမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ ၂၅ နဲ့ ကပစ ၂၁ သို့ သွယ်တန်းထားတဲ့ မီးလိုင်းတွေကို ပြင်ဆင်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးထံက သိရပါတယ်။

ပုလဲ၊ ဒီးဒုတ်ပင်နဲ့ သမန်းကျင်းရွာတွေကို စက်တင်ဘာ ၁၇ ရက်က ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိ သွားကာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းမှာ သံချပ်ကာယာဉ်မှ လက်နက်ကြီးတွေနဲ့ ပတ်ဝန်း ကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး ‌ညောင်ဦးဘက်သို့ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)၊ စလင်းမြို့နယ် ပကဖ နယ်မြေ(၃)၊ နယ်မြေ(၂)မှရဲဘော်များ၊ မင်းဘူးခရိုင် တပ်ရင်း(၁)နဲ့ မင်းဘူးခရိုင်တပ်ရင်း (၅)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ် တယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။