မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီက လက်နက်​ကြီးပစ်ကူတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။
” ဒီမနက် ၄ နာရီခွဲလောက်မှာ စစ်ကိုင်း၊ မင်းကွန်းဘက်ကနေ မြစ်ဘေးတစ်ကြောမှာရှိတဲ့ သုံးဆယ်ပေးကို စကစက ခြေလျင်စစ်ကြောင်းထိုးလာတယ်။ နောက်က လက်နက်ကြီးပစ်ကူ ပါ,ပါတယ်။ ၈ နာရီလောက်ကလည်း K8W -Fighter ဂျက် ၁ စီးနဲ့ ရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ ၁ ကြိမ်စီကို ၂ စီးလာတယ်ဗျ။ ပြီးတော့ တံတားဦးကနေလည်း အဆက်မပြတ် ဆက်တိုက် တက်နေတာတွေလည်း ရှိတယ်။ အနီးအနားပျူရွာတွေကလည်းလက်နက်ကြီးထုနေတယ်။” လို့ The Voice Of Wetlet Madaya အဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက သူတို့ပြန်မဆုတ်ခင် သုံးဆယ်ပေးကျေးရွာကို စစ်ကြောင်း ၃ ခုခွဲဝင်ရောက်ပြီး အရပ်သား​နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မနက်အစောပိုင်းကစလို့ သုံးဆယ်ပေးရွာကို စစ်ကိုင်း မင်းကွန်းရဲစခန်းကုန်း၊ မတ္တရာ ဘောလုံးကွင်း အမြောက်စခန်း နဲ့ ပေါက်ဝဲ၊ရွှေချောင်း၊ ညောင်ကုန်း၊ ပျော်ဘွယ်ရွာအစရှိတဲ့ စစ်အုပ်စု အထိုင်စခန်းတွေနဲ့ မန္တလေး-ရွှေကျင်ဂိတ်စခန်း စတဲ့နေရာတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း မတ္တရာမြို့နယ်၊ ပေါက်ဝဲရွာစာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသစ်ကျေးရွာနေ အမျိုးသမီး ၂ ယောက်နဲ့ ကျွဲခြံကုန်းရွာနေ အရပ်သား ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ မန္တလေးမြို့နဲ့ မတ္တရာမြို့အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ သုံးဆယ်ပေးကျေးရွာဟာ ၅မိုင်နီးပါးသာ ဝေးတော့တာကြောင့် စစ်အုပ်စုအနေနဲ့ညတော်လှန်ရေးတပ်တွေကို ပြင်းပြင်းထန်ထန်ခုခံနေတာဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဓာတ်ပုံ- The Voice Of Wetlet Madayar
0 Shares:
You May Also Like
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်တွင် ဧည့်စာရင်းလိုက်စစ်နေသည့် စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲ ခြိမ်းခြောက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံမှာ ဧည့်စာရင်းလိုက်စစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ​မိုင်းဖောက်ခွဲပြီး ခြိမ်းခြောက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။