ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ရွှေကျင်မြို့၊ သံဆိပ်ရွာနဲ့ တုံးတံတားရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသား ၁ ယောက်ကို သတ်ဖြတ်ကာ သံဆပ်ရွာက ရွာသား အယောက် ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ရွာထဲက နေအိမ်တစ်အိမ်မှာ သော့ပိတ်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“စကစက လူသားဒိုင်းလုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။ ရွာသား ၂၀ လောက် ဖမ်းထားတယ်လို့ စကစဘက်က ဖရဲသီးသတင်းပို့လာလို့ ဆက်စုံစမ်းကြည့်တာ အမှန်ဖြစ်နေပါတယ်။ လက်ရှိ သတင်းထပ်ရတာက အယောက် ၅၀ လောက်ဖမ်းခံထားရပါတယ်။” လို့ မြေပြင် တော်လှန်ရေးရဲဘော်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်က အသတ်ခံလိုက်ရတဲ့ သူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေကို ဖမ်းဆီးထားတဲ့ မင်းလမ်းသံဆိပ်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၅၀ ခန့်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သူနဲ့ ပြည်သူတွေ အဖမ်းခံရတဲ့နေအိမ်

0 Shares:
You May Also Like
Read More

ဝင်းဒရယ်ကျေးရွာ စာသင်ကျောင်းနားမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းလာဆောက်နေတဲ့ ခွဲထွက် DKBA စခန်းသစ် ဒရုန်းနဲ့ ဗုံးကြဲသတိပေးခံရ

ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တွင် နိုဝင်ဘာလတစ်လအတွင်း အရပ်သား ၁၀၀ ကျော်ကို စစ်ကော်မရှင် ဖမ်းဆီး

ရွေးကောက်ပွဲအတုကို ဝေဖန်တာ၊ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးတာနဲ့ ပေါ်တာဆွဲတွေအပါအဝင် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲမှာ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်မှုထမ်းကျောင်းနဲ့ အကျဥ်းထောင်တွေဆီ ပို့ဆောင်ခံရသူ အယောက် ၂၀နီးပါး အထိရှိခဲ့ကြောင်း Rangoon Scout Network ရဲ့အဆိုအရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ မတရား ဖမ်းဆီးတဲ့ဖြစ်စဥ်တွေကို လစဥ်ဖော်ပြနေတဲ့ Rangoon Scout Network ရဲ့ ပြောကြားချက်အရ ရန်ကုန်မြို့မှာ နိုဝင်ဘာလတစ်လထဲမှာပဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၄ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲက ၄၃ယောက်သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

နောင်ချိုကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲနေ၊ မနေ့က တိုက်ခိုက်မှုကြောင့်  အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။