မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီက လက်နက်​ကြီးပစ်ကူတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။
” ဒီမနက် ၄ နာရီခွဲလောက်မှာ စစ်ကိုင်း၊ မင်းကွန်းဘက်ကနေ မြစ်ဘေးတစ်ကြောမှာရှိတဲ့ သုံးဆယ်ပေးကို စကစက ခြေလျင်စစ်ကြောင်းထိုးလာတယ်။ နောက်က လက်နက်ကြီးပစ်ကူ ပါ,ပါတယ်။ ၈ နာရီလောက်ကလည်း K8W -Fighter ဂျက် ၁ စီးနဲ့ ရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ ၁ ကြိမ်စီကို ၂ စီးလာတယ်ဗျ။ ပြီးတော့ တံတားဦးကနေလည်း အဆက်မပြတ် ဆက်တိုက် တက်နေတာတွေလည်း ရှိတယ်။ အနီးအနားပျူရွာတွေကလည်းလက်နက်ကြီးထုနေတယ်။” လို့ The Voice Of Wetlet Madaya အဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက သူတို့ပြန်မဆုတ်ခင် သုံးဆယ်ပေးကျေးရွာကို စစ်ကြောင်း ၃ ခုခွဲဝင်ရောက်ပြီး အရပ်သား​နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မနက်အစောပိုင်းကစလို့ သုံးဆယ်ပေးရွာကို စစ်ကိုင်း မင်းကွန်းရဲစခန်းကုန်း၊ မတ္တရာ ဘောလုံးကွင်း အမြောက်စခန်း နဲ့ ပေါက်ဝဲ၊ရွှေချောင်း၊ ညောင်ကုန်း၊ ပျော်ဘွယ်ရွာအစရှိတဲ့ စစ်အုပ်စု အထိုင်စခန်းတွေနဲ့ မန္တလေး-ရွှေကျင်ဂိတ်စခန်း စတဲ့နေရာတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း မတ္တရာမြို့နယ်၊ ပေါက်ဝဲရွာစာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသစ်ကျေးရွာနေ အမျိုးသမီး ၂ ယောက်နဲ့ ကျွဲခြံကုန်းရွာနေ အရပ်သား ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ မန္တလေးမြို့နဲ့ မတ္တရာမြို့အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ သုံးဆယ်ပေးကျေးရွာဟာ ၅မိုင်နီးပါးသာ ဝေးတော့တာကြောင့် စစ်အုပ်စုအနေနဲ့ညတော်လှန်ရေးတပ်တွေကို ပြင်းပြင်းထန်ထန်ခုခံနေတာဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဓာတ်ပုံ- The Voice Of Wetlet Madayar
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ကျင်းပရန် ရက်ပေါင်း ၃၂ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုပိတ်သိမ်းတာ ကြေညာမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်သာလိုတော့ချိန်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းဖို့ ဒီနေ့ ည ၈ နာရီသတင်းအပြီးမှာ ကြေညာမယ်လို့ စစ်ကော်မ‌ရှင်ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။