ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်နဲ့ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့သလို ဒဏ်ရာရရှိသူကို ဆေးရုံဆီ ပို့ဆောင်ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။
နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လူအများအပြား သေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀) ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ(၁၅) ယောက် သေဆုံးခဲ့သလို (၁၀) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံနေအိမ် (၂၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနဲ့ စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဦးတည်ကာ လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အွန်လိုင်းမှတဆင့် စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်သူများ သတိပြုရန်နှင့် သတင်းတု၊ သတင်းမှားများကို သိရှိနားလည် ရှောင်ရှားပြီး မဖြန့်ချိမိဖို့ TNLA သတိပေး…

အကြမ်းဖက်စစ်အုပ်စုရဲ့ အွန်လိုင်းကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုနဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိပြုပြီး သတင်းတု၊ သတင်းမှားတွေကို သိရှိနားလည်ကာ မဖြန့်ချိမိဖို့ တအာင်းတပ်မတော်(TNLA)က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။