နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ထံက ပွတ်ချွန်း (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူ) တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်တွေက အဲဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ပုဒ်မ ၅၀၅ နဲ့ မတရားထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ခဲ့သူတွေဟာ အမှတ် (၅) အိပ်ဆောင်ရဲ့ အဆောင်မှူး ရဲထွဋ်ဝင်း (ကိုယ်ပိုင်အမှတ် က-၄၀၉၂ လ/ထကရမ-၁ ) နဲ့ ဒုတပ်ကြပ် စောအောင်ကိုလေး ဆိုသူတွေဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ဒီကိစ္စ ဖြစ်ခဲ့တာ ဖြစ်တယ်။ သိရှိချိန်မှာတော့ သူ့နောက်ကျောမှာ သွေးတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ တွေ့ခဲ့တယ်။ ရိုက်ခံထားရတာက တော်တော်လေးကို ပြင်းပြင်းထန်ထန် ရိုက်ခံထားရတာ ဖြစ်တယ်။ ဆေးဝါးစောင့်ရှောက်မှုကတော့ နိုင်ငံရေးအကျဉ်းသားတွေ အချင်းချင်းပဲ ဝိုင်းဝန်းစောင့်ရှောက်နေရပါတယ်။ “ လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
အခုလို ရိုက်နှက်မှုကို ဦးဆောင်သူဟာ အဆောင်မှူး ရဲထွဋ်ဝင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားရဲ့ ဦးခေါင်းနဲ့ နောက်စေ့ကို စစ်ဖိနပ်နဲ့ တက်နင်းတာတွေ၊ မျက်နှာကို စစ်ဖိနပ်နဲ့ ကန်ကျောက်တာတွေအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာ ပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားရဲ့ ကျောပြင်မှာ ပေါက်ပြဲ ပွန်းရှ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
PPNM အနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ခဲ့တဲ့ အဆောင် (၅) ရဲ့ အဆောင်မှူးနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို အကူးအပြောင်းကာလမှာ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ဖြစ်စဉ်မှတ်တမ်းတွေနဲ့တကွ စနစ်တကျ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒိုက်ဦးအကျဉ်းထောင် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

ရွေးကောက်ပွဲ ၃ ကြိမ် အနိုင်ရ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ပစ်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ကြံ့ခိုင်ရေးပါတီ အမတ် စိုင်းငေါင်းဆိုင်ဟိန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။