ဧရာဝတီတိုင်းထဲက မအူပင်၊ ပန်းတနော်၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ပုသိမ်မြို့တွေမှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဆိုင်ကယ်တွေဆိုရင် လိုင်စင်မရှိရင် အပြီးအပိုင် သိမ်းယူပြီး လူကိုလည်း ထောင်တစ်လ ပြစ်ဒဏ်ချတယ်လို့ သိရပါတယ်။
“အခုဆိုင်ကယ် စီးနင်းသူတွေက ယာဉ်ထိန်းရဲတစ်ခုတည်း ကြောက်ရတာ မဟုတ်တော့ဘူး။ အကြမ်းဖက်စစ်တပ်တွေကိုပါ ကြောက်နေရပြီ။ ယာဉ်ထိန်းရဲဖမ်းရင် ဒဏ်ကြေးငွေပေးရုံရပေမယ့် အကြမ်းဖက်စစ်တပ်က ဖမ်းပြီဆို လိုင်စင်မပြနိုင်ရင် ဆိုင်ကယ်ကိုအပြီးသိမ်းတယ်။ လူကိုတရားရုံးတင်ပြီး ထောင်ချတယ်” လို့ ပုသိမ်မြို့ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
“အခု သူတို့ယာဥ်တွေကို စစ်ဆေးတာက သတင်းရလို့ဆိုပြီး ကားပေါ်ပါလာတဲ့သူတွေကိုကော ဆိုင်ကယ်နဲ့လာတဲ့သူတွေကော စစ်ဆေးတာ။ သူတို့ဖုန်းထဲက ပုံတွေနဲ့တိုက်စစ်နေတယ်။ ဖုန်းတွေလည်းတောင်းကြည့်တယ်။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာ တွေ့ပြီဆိုရင်တော့ ပြန်မလွှတ်တော့ဘူး။ ဒီရက်ထဲမှာပိုပြီး အစစ်အဆေးတွေ များလာနေတယ်” လို့ ခရီးသွားယာဉ်မောင်းတစ်ယောက်ကလည်း ထပ်ပြောပါတယ်။
စက်တင်ဘာလ ဒုတိယအပတ်လောက်ကစပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကြားမှာရှိတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာလည်း ခရီးသွားပြည်သူတွေဆီက မှတ်ပုံတင် တောင်းယူစစ်ဆေးတာမျိုးတွေ ပြုလုပ်နေပြီး မှတ်ပုံတင်မပြနိုင်သူတွေကို စစ်ကားတွေပေါ် တစ်ခါတည်း ဆွဲခေါ်သွားတာတွေရှိတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – စစ်ဆေးရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့
0 Shares:
You May Also Like
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမ်းမြို့ကို လာတဲ့ စစ်ကောင်စီ ရဟတ်ယာဥ် အပြန်မှာ ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ဆီ လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။