စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီး အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရာသီဥတုအခက်အခဲတွေကြားက ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျား ၃ ကြိမ်တိုက်ခိုက်ခဲ့ကာ စစ်ယာဉ်တန်းအား မဆုတ်တမ်းစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို အရေအတွက် အတိအကျသိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးပြည်သူ့ရဲဘော် ၁ ယောက် လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင် အမှတ် (၁)တပ်ရင်း တို့က ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ရပ်ကျေးပကဖနဲ့ တခြား local မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ဂွေးချိုပျူစခန်းကို တာဝေးပစ်ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးချိုပျူစခန်းကို ဒီဇင်ဘာ ၂ ရက် ညနေပိုင်း တာဝေး ပစ်ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TarTay Pkuအဖွဲ့သတင်းမှန်ပြန်ကြားရေး တာဝန်ခံရဲဘော် Y12 ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

လယ်ယာလုပ်ကိုင်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စု ဗုံးကြဲခံရပြီး ၁ယောက်သေ၊ ၈ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

KNDF စစ်ရေးချုပ် ခူးရီးဒူ၏ ရဲဘော်တွေထံ ညွန်ကြားချက် (ရုပ်/သံ)

"တော်လှန်ရေးမှာ တာဝန်အကျေဆုံးက လူထုပဲ၊ မင်း ဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေဆုံးပဲ၊ လူထုထက်တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး၊ သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါ မင်းတို့ငါတို့"
Read More

ဖီမော်မြို့ ကန်ဖန့်ရွာမှာ အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ် ၁၀၀ ကျော်အတွက် KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်

ကချင်ပြည်နယ် ဖီမော်မြို့ ကန်ဖန့်ရွာမှာ အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ် ၁၀၀ ကျော်အတွက် KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ် (ရုပ်/သံ)နိုဝင်ဘာ ၉ ၊၂၀၂၄ကချင်ပြည်နယ် ဖီမော်မြို့ ကန်ဖန့်ရွာမှ နိုဝင်ဘာ ၅ ရက်က အလင်းဝင်ရောက်လာတဲ့ ပြည့်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။