မုံရွာ-အရာတော် လမ်းပိုင်းအတွင်း စစ်ကြောင်းထိုး အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေနဲ့ ယာဉ်တန်းကို ရာသီဥတု အခက်အခဲတွေကြားက စက်တင်ဘာလ ၄ ရက်ကနေ ၉ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေက ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျားတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များပြားပေမယ့် အရေအတွက်အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တို့ ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ ရပ်ကျေးပကဖနဲ့ အခြား Local မဟာမိတ် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် စရဖ တပ်ကို AA သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။