မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်​အုပ်စုက ခြုံကြီးရွာကို အလစ်အငိုက်ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ယောက်နဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၁၆ရက်၊ မနက်အစောပိုင်းက တောင်သာမြို့၊ အနောက်မြောက်ဘက်မှာရှိတဲ့ ခြုံကြီးကျေးရွာကို စစ်အုပ်စုတွေ အလစ်အငိုက်ဝင်ရောက်စီးနင်းပြီး မြင်းခြံခရိုင်ပကဖ​ စည်းရုံးရေးမှူး ကိုလှမျိုးကျော်(ခေါ်) အီးတီ၊ မြင်းခြံခရိုင် အမှတ် ၃တပ်ရင်းတပ်ဖွဲ့ဝင် ၃ယောက်နဲ့ တောင်သာမြို့နယ်ပကဖအဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားတာဖြစ်ကြောင်း သိရပါတယ်။
အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခြုံကြီး ခေါ် သာယာကြီးရွာမှာ ရှိနေတုန်း စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ ပုံမှားရိုက် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ယောက်ကမောင်းကိုပြောပါတယ်။
“ကို အီးတီတို့ကတော့ အဲ့ရွာမှာ အိပ်တာကြာပြီ။ ကိုဖက်တီးဆိုတဲ့ မြင်းခြံခရိုင် ရင်း ၃က ရဲဘော်နဲ့ နောက်၂ယောက်က မဖြစ်ခင် ညကမှ သွားအိပ်တာပါ။ သတင်းပေါက်တယ်နဲ့ တူပါတယ်။ မနက်ကျ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတယ်။ ရွာထဲဝင်လာတာလည်း ဘယ်သူမှမသိကြဘူး။ နောက်မှာ အင်အား ၈၀လောက်နဲ့လည်း ဝိုင်းထားတယ်ပေါ့။ အဲ့မှာ ကိုအီးတီနဲ့ ကိုဖက်တီးတို့ အရင်ဖမ်းခံလိုက်ရတယ်။ မြင်းခြံခရိုင်ရင်း ၃က ၂ယောက်က ထွက်ပြေးတော့ တစ်ယောက်က ခြေထောက်မှန်တယ်။ ကျန်၁ယောက်ကတော့ မသိသေးဘူး။ ဒီနေ့တော့ ၃ယောက်ကို ချက်ချင်းသဂြိုလ်လိုက်တယ်လို့ သိရတယ်။ ကျန်တဲ့ဟာတွေတော့ အတည်မပြုနိုင်သေးဘူး။” လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
ဒီဖြစ်စဥ်အပေါ် စစ်အုပ်စုသတင်းဖြန့်ရာမှာ​တော့ ခြုံကြီးရွာကို စီးနင်းမှုမှာ အလောင်း၁၁လောင်းနဲ့ အရှင်၄ယောက်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ကျန်တဲ့သတင်းရင်းမြစ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်သားအပါ ၆ယောက်မှာ ၂ယောက် အရင်ဖမ်းဆီးခံရပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသလို လက်ရှိမှာ အလောင်း၅လောင်း သဂြိုလ်ပေးပြီးကြောင်းနဲ့ ပျောက်ဆုံးနေသူတွေ၊ ဖမ်းမိသူတွေလည်း ၁၀ယောက်နီးပါးရှိတယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက Mi35၊ Y12 စတဲ့ တိုက်လေယာဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အရပ်သားအမျိုးသမီးတစ်ယောက် သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း သေဆုံးခဲ့တဲ့ ကိုလှမျိုးကျော်(ခ) အီးတီဟာ နိုင်ငံရေးအကျဥ်းသားဟောင်း၁ယောက်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖြောင့်စင်းရိုးသားတဲ့ ခံယူချက်နဲ့ ကျရာနေရာကနေ နိုင်ငံသားကောင်းပီသစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းနဲ့ ကိုယ်ကျိုးမငဲ့ဘဲ စစ်ကောင်စီကို တော်လှန်ခဲ့သူ၁ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်စစ်ကောင်စီက ဒီနေ့( စက်တင်ဘာ ၁၈ရက်နေ့) မှာလည်း မနက်မိုးလင်းပိုင်းကစလို့ မြင်းခြံမြို့ကပ်လျက်က နွားထိုးကြီးမြို့နယ်ကို လေကြောင်းကနေ ဆက်တိုက်ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – ခြုံကြီးရွာဖြစ်စဥ်မှာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ

KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ  တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

ဧပြီလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်ထား

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။