စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီး အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရာသီဥတုအခက်အခဲတွေကြားက ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျား ၃ ကြိမ်တိုက်ခိုက်ခဲ့ကာ စစ်ယာဉ်တန်းအား မဆုတ်တမ်းစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို အရေအတွက် အတိအကျသိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးပြည်သူ့ရဲဘော် ၁ ယောက် လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင် အမှတ် (၁)တပ်ရင်း တို့က ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ရပ်ကျေးပကဖနဲ့ တခြား local မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။
Read More

နယ်မြေစိုးမိုးနိုင်ရေး ရေနံချောင်း-မကွေး ကားလမ်းပေါ် မှာ ခရီးသွားယာဉ်တွေကို PDF များ ရှောင်တခင်စစ်ဆေး (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်း-မကွေး ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နယ်မြေစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြေလတ်လင်းပိုင်စစ်ကြောင်းထံက သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းတပ်သားသစ်များ တင်ဆောင်လာသည့် ကွန်တိန်နာသင်္ဘောအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်မှုထမ်းတပ်သားသစ်တွေ တင်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ကွန်တိန်နာသင်္ဘောကို မတ်လ ၄ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်ထံက သိရပါတယ်။