မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့တပတ်က ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ရာဂီဆိုင်ကလုန်းဟာ လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားစေခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၅၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အေဂျင်စီရဲ့အဆိုအရ ရေကြီးရေလျှံမှုဟာ မြန်မာပြည်သူ ၆၃၁၀၀၀ ဝန်းကျင် ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေကြောင်း UNOCHA က ဆိုထားပြီး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခြင်းနဲ့ လမ်း၊ တံတား ပိတ်ဆို့ပျက်စီးခြင်းတွေက ကယ်ဆယ်ရေးလုပ်ငန်းကို အလွန်တရာအနှောင့်အယှက်ဖြစ်စေတယ်လို့ သတိပေးထားပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်ထဲမှာ လက်ရှိရေကြီးမှုဖြစ်စဉ်ဟာ မြန်မာပြည်ရဲ့ လတ်တလောသမိုင်းထဲ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးမှုအတွင်း စပါးနဲ့ အခြားသီးနှံစိုက် လယ်ယာ ၂၆၀၀၀၀ ဟက်တာ (၆၄၀၀၀၀ ဧက) ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာပြည်အတွင်း ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်စလုံးမှာ သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ ၁၃၈,၀၀၀ ကျော် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ စစ်ကောင်စီက နိုင်ငံတကာအကူအညီပေးရေး ရှားရှားပါးပါး တောင်းဆိုခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ အိန္ဒိယတစ်နိုင်ငံတည်းကသာ ရိက္ခာခြောက်၊ အဝတ်နဲ့ ဆေးဝါးအပါအဝင် အကူအညီ ၁၀ တန်ကို ပေးပို့ခဲ့ပါတယ်။
မကြာသေးမီနှစ်တွေကလည်း ဆိုင်ကလုန်းမိုခါဝင်ရောက်မှုကြောင့် လိုအပ်နေသူတွေကို အကူအညီပေးရေးအဖွဲ့တွေ မရောက်ရှိနိုင်အောင် ဝင်ရောက်သွားလာခွင့် ပိတ်ပင်တားဆီးခဲ့တာအပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းချက်တွေကို စစ်ကောင်စီက နှောင့်ယှက်တားဆီးခဲ့ပါတယ်။
ရေကြီးမှုမဖြစ်ခင်ကတည်းက မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခတွေ မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၈ သန်းခန့် အကူအညီတွေ အပူတပြင်းလိုအပ်နေပြီးဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှု၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး လိုအပ်နေမှုကြောင့် ပြည်သူတွေ ပိုမိုထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
ဓာတ်ပုံ (စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ စစ်ကောင်စီက ရေဘေးကယ်ဆယ်ရေး ဟန်ပြလုပ်နေပုံ
0 Shares:
You May Also Like
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ဗုံးသီးအချို့ မပေါက်ကွဲဘဲ ကျန်နေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အအဦးတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ် အရှေ့ခြမ်းက မကျီးပင်ရွာနဲ့ အောင်သုခရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ရခိုင်လမ်းပိုင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အထက်မင်းလှမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ယောက်သေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။