၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မနေ့က မနက်အစောပိုင်းမှာ စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်း၊ နေ့လယ်ပိုင်းမှာ တောင်ခမ်းရွာအနီးတဝိုက်၊ ညနေပိုင်းမှာတော့ မကျီးရေရွာအနီးတဝိုက်နဲ့ စစ်ကောင်စီ (၉၀၂) တပ်စခန်းအနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် မနေ့က သီပေါမြို့က စစ်ကောင်စီ ခလရ (၂၃) တပ်စခန်းနေရာကိုလည်း Y-12 နဲ့ (၁၃)ကြိမ် ဗုံးအလုံး (၈၀) လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့သလို ခမရ (၂၃)တပ်စခန်းနေရာကို ထောက်ပို့ယာဉ် Y-12 နဲ့ လက်နက်ခဲယမ်းတွေ (၁)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် TNLA ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီလက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီဟာ ရှမ်းပြည်နယ်ကို ၄လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ကအများဆုံးဖြစ်ခဲ့တယ်လို့ Blood Money Campaign က အသိပေးထုတ်ပြန်ပါတယ်။