တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်(၃)နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က မနေ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၂ ရက် မွန်းတည့်အချိန်ခန့်က ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အယောက် ၂၀ ဝန်းကျင်ကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ပြီးနောက် တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်နီးပါး ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်
အဲ့ဒီနောက် မွန်းလွဲပိုင်းမှာ မောင်းလှော်ရွာဘက်ကနေ စစ်ကူလိုက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို မင်းဂုတ်နဲ့ ဂျိုးတောင်ရွာလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းစစ်ကြောင်း၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီးထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၈ ယောက် ထက်မနည်း သေဆုံးကာ ၁၅ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီမွန်းလွဲပိုင်းမှာပဲ ဂျိုးတောင်ရွာနဲ့ တဆက်တည်းရွာဖြစ်တဲ့ ဝါရစ်ရွာဘက်ကို ခြေလျင်စစ်ကောင်စီစစ်ကြောင်း အင်အား ၇၀ ဝန်းကျင်ရောက်ရှိလာပြီး လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မင်းဂုတ်ရွာနဲ့ ဂျိူးတောင်ရွာကြားမှာ မိုင်းဆွဲခံရတာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သား တွေကိုတော့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်း မောင်းလှော်ရွာကို ကားတစ်စီးနဲ့ ပြန်လည်သယ်ယူသွားခဲ့တယ်လို့ မြေပြင်သတင်းတွေဆီက သိရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က ဆိုပါတယ်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) မှာ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ၂၊တနင်္သာရီပကဖဇုန်(၃) ၊ ဇုန်(၄) ၊ ဇုန်(၅)၊ ဇုန်(၆)၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေး၊ Dragon Squad ဒရုန်းအဖွဲ့တို့ ပါဝင်တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

ဆောတွင် စစ်ကောင်စီ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ၊ ၈ နှစ် ကလေးငယ်အပါ အမျိုးသမီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက ၈နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ဖရဲသီးသတင်းပေးမှုကြောင့် အုတ်ဖိုမှာ စစ်တပ် ဗိုလ်ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဖရဲသီးရဲ့ သတင်းပေးပို့မှုကြောင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဗိုလ်ကြီး ၁ယောက်အပါအဝင် စစ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။