ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ (၁၃) ရက် မနက်ပိုင်းမှာ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ကမ်း တော်လှန်ရေးနယ်မြေက ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ချိန် နေပြည်တော် PDF ရဲဘော် Eagle (ခ) နိုင်ကိုဇော်က ရေစီးနဲ့အတူ မျောပါ ကျဆုံးခဲ့ရတာပါ။
ကျဆုံးရဲဘော် Eagle (ခ) နိုင်ကိုဇော်ဟာ ပြည်သူ့အတွက် စစ်ရေးနဲ့ တိုက်ပွဲဝင်ခဲ့ရုံမက ရေဘေးသင့်ပြည်သူတွေကိုပါ ကယ်ထုတ်ရင်း အသက်ပေးခဲ့တဲ့ ပေးဆပ် အနစ်နာခံမှုကို ပြည်သူလူထုနဲ့အတူ ကျန်ရစ်တဲ့ တပ်ရင်း(၉၀၁) ရဲဘော်အားလုံးက လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။
တပ်ရင်း ၉၀၁ အနေနဲ့ မပြီးဆုံးသေးတဲ့ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲကို အားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ကျဆုံးရဲဘော် Eagle (Egale ၏ Facebook  Account မှ)
0 Shares:
You May Also Like
Read More

တိုက်ပွဲဖြစ်မှာကြောက်လို့ ကျောင်းမတက်တဲ့ ကလေးတွေကို စစ်ကောင်စီ ဖိအားပေး ကျောင်းတက်ခိုင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။