ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ မြန်မာ့အရေးနဲ့ စပ်လျဥ်းတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဥ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူ Philemon Yang ဟာ ကင်မရွန်းနိုင်ငံဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်ဗိုလ်ချုပ်တစ်ဦးအပါ စစ်သားများ သေဆုံး၊ ကျဆုံးခဲ့သော ကမ္ဘောဒီးယားတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများ ထိုင်းမှ ပြန်လွှဲပေး၊ မလေးရှားတွင် နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံရန် ရှိနေ

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

နယ်စပ်က မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ် သန်း ၁၆၀ အသုံးပြုရန် ထိုင်းအစိုးရလျာထား

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၇ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေး ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘတ် သန်း ၁၆၀ ခွဲဝေချထားဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

အာဆီယံရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးကို ဖိလစ်ပိုင်ခန့်အပ်

လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်က လွှဲပြောင်းယူတော့မှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရေဆာ လာဇာရိုကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာလ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ယူမှုအပေါ် စတင်ကြေညာတဲ့ အခမ်းအနားမှာ မားကို့စ်က ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆွေးနွေးမှု၊ နိုင်ငံတကာဥပဒေကို လိုက်နာမှုနဲ့ သမားရိုးကျ နဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကတဆင့် ဆက်လက် ဦးဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။