ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၁၃)ရက် နေ့လည်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၃၀၇ တပ်ရင်းက (၈၁) မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ဇရပ်ခင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၈၂) နှစ်အရွယ် အဘွားအိို ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ KNU − အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု

0 Shares:
You May Also Like
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။