နွေဦးတော်လှန်ရေးဟာ အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့အတူ အယူအဆဟောင်း၊ အတွေးအခေါ်ဟောင်းတွေကိုလည်း ကျွဲကူးရေပါ တော်လှန်ရင်း လူငယ်တွေရဲ့ နိုင်ငံတော်သစ်တစ်ခုကို ထုဆစ်ပုံဖော်နေကြတာ ဖြစ်ပါတယ်။
မိန်းကလေးဆိုတာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ ဟောင်းနွမ်းတဲ့ ထင်မြင်ယူဆချက်တွေကို ဆန့်ကျင်ပြီး စစ်အာဏာရှင်တွေ ပြုတ်ကျရမယ်၊ တောခိုရတဲ့ မျိုးဆက်ဟာ ဒါနောက်ဆုံး ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်ပြင်းပြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်ထဲ ရောက်လာတဲ့ မွန်အမျိုးသမီးငယ်တစ်ယောက် ရှိပါတယ်။
သူမကတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က အမျိုးသမီး တပ်စုမှူး ဖြစ်သလို အမျိုးသမီး ဒရုန်းတပ်ဖွဲ့ ဦးဆောင်သူလည်း ဖြစ်တဲ့ မိတလဉာဏ် ဖြစ်ပါတယ်။
ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ကိုင်တဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာတွေကို သူမက ပြောပြပေးသွားမှာပါ။

0 Shares:
You May Also Like
Read More

စစ်တပ်က ခိုင်းလို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရဟု အလင်းဝင် စစ်သားသစ် ပြော (ရုပ်/သံ)

စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 
Read More

စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နဲ့ လစာ မပေးဘဲ စစ်တိုက်ခိုင်း (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားတွေကို စစ်ဆင်ရေး စရိတ်နဲ့ လစာတွေ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းကနေ အလင်းဝင်လာတဲ့ လုပ်သက်ရင့် တပ်ကြပ် ၃ ယောက်က ပြောခဲ့ကြပါတယ်။
Read More

အာရက္ခတပ်တော် (AA)က ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်''
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် – ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမှာ အဓိက တိုက်ခိုက်ခိုင်းပြီး နောက်ပြန်ဆုတ်ရင် အရာရှိတွေက ပစ်သတ်တဲ့အကြောင်း ပစတပ်သား နေလင်းအောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား- ရန်လင်းဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဖြူးမြို့နယ် ကညွတ်ကုန်းမြို့ ကျနော့်မိန်းမရဲ့ သရက်တောကျေးရွာကို သွားလည်တာ။ အဲ့မှာ ပေါ်တာမိလာခဲ့တယ်။ သင်တန်းကျောင်းမှာ ၃ လကြာတယ်။ . . . နောက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ ဒီဘက်ကို အလင်းဝင်လာလို့ရှိရင် စကစ‌အကြီးအကဲတွေ ပြောသလိုမျိုး ဒီမှာ သတ်ဖြတ်မှုမရှိဘူး။ ညီအစ်ကိုတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်။ ကျနော် ဒီမှာ အလင်းဝင်နေတာ တစ်နေ့ကျ အိမ်ကို ပြန်ခဲ့ပါမယ်''