စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) က စစ်သားများကို ရာထူးတိုးပေးပြီး စစ်တပ်ထဲမှ မထွက်ရန် စည်းရုံးမှု စတင်…
မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။