ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God’s Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 

မနေ့က အောက်တိုဘာလ ၁၉ ရက်နေ့  မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စွယ်တော်လမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ အလစ်အငိုက်ကို စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

God’s Hand Forces ၏ ထုတ်ပြန်ချက်

တိုက်ခိုက်မှုကို God’s Hand Forces (GHF) အဖွဲ့က “M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်

တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုအတည်မပြုနိုင်သေးပေမယ့်ထိခိုက်မှုရှိနိုင်ကြောင်းသိရပါတယ်။

God’s Hand Forces (GHF) အဖွဲ့ဟာရန်ကုန်မြို့ကမြေအောက်ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်ပြီးစစ်ကောင်စီအခြေစိုက်ရာနေရာတွေကိုမကြာခဏတိုက်ခိုက်လေ့ရှိတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

ဖောက်ခွဲခဲ့သည့်နေရာကို Google Earth ကနေ မြင်ရပုံ (ဓာတ်ပုံ God’s Hand Forces)
0 Shares:
You May Also Like
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG လက်အောက်ကို ဝင်ရောက်မယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မဟူရာရွှေဘိုသားတော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) ကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်က ပို့ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။