မကွေးတိုင်း နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ စစ်ကော်မရှင်ရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းမှ ယနေ့သတင်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကို အရှင်ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ စာရင်းတချို့ကို အမှတ် ၉၀၃ တပ်ရင်းတာဝန်ရှိသူမှာ အကြီးတန်းစာရေး မောင်မင်းသူကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

Video-နတ်မောက်ဂဠုန်PDF
0 Shares:
You May Also Like
Read More

ရေဦးမြို့ အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရေဦးမြို့ အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ရေဦးမြို့အဝင် အရှေ့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ၄ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့ပေါ် စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၃ ရက်ဆက် ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ Chindwin Rocket Brother အဖွဲ့ထံက သိရပါတယ်။
Read More

မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်လှိုဏ်ဂူမြင်ကွင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို ယခုလိုပဲ မြင်တွေ့ရပါတယ်။ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် မနေ့ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။