နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၅ ရက် နယူးဇီလန်လွှတ်တော်မှာ အဆိုပါ အဆိုတင်သွင်းချက်ကို အလုပ်သမားပါတီမှ Phil Twyford က တင်သွင်းခဲ့ပြီး အစိမ်းရောင်ပါတီမှ Teanau Tuiono က ထောက်ခံခဲ့ကာ ကန့်ကွက်သူမရှိဘဲ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အလွန်ရက်စက်တဲ့ စစ်တပ်ကို မြန်မာပြည်သူတွေက ကြံ့ကြံ့ခံ တော်လှန်နေကြပါတယ်။ ကျနော်တို့ အဲဒါကို ကူညီရပါမယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်” လို့ အလုပ်သမားပါတီမှ Phil Twyford က ဆိုပါတယ်။

နယူးဇီလန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ် စီစဉ်နေတဲ့‌ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမည်မဟုတ်ကြောင်း၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်မှာမဟုတ်ကြောင်း၊ ယုံကြည်ဖွယ်ရာလည်း မရှိကြောင်းနဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ မပါဝင်တာတွေ၊ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတွေကြောင့် ရွေးကောက်ပွဲဟာ သိသိသာသာကို ချို့ယွင်းချက်တွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နယူးဇီလန်လွှတ်တော်က မြန်မာစစ်အုပ်စုကို နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ စစ်ရေးလုပ်ဆောင်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်ပြီး စစ်မှန်တဲ့ ဆွေးနွေးမှု ဖွင့်လှစ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို အရေးတကြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပြီး နယူးဇီလန်နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အတွက် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အတူ စည်းလုံးညီညွတ်စွာ ဆက်လက် ရပ်တည်သွားမယ်လို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။