မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

မတ္တရာ ပကဖ အနေနဲ့ မတ္တရာမြို့နယ်အတွင်း စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ထိန်းချုပ်နယ်မြေတွေကို အစွမ်းကုန် ကာကွယ်နေသလို နီးစပ်ရာ တော်လှန်ရေးညီနောင်အဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာလည်း တတ်စွမ်းသမျှ သွားရောက်ကာကွယ်နေတယ်လို့ ဆိုပါတယ်။

တစုံတယောက်ရဲ့ တိုက်တွန်းမှုကြောင့် လုပ်ဆောင်နေတဲ့ တော်လှန်ရေး မဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လက်နက်ကိုင်လမ်းစဥ်ကို တိကျပြတ်သားစွာ လုပ်ဆောင်နေတာကြောင့် ဘယ်သူတဦးတယောက်ရဲ့ ဟန့်တား နှောင့်ယှက်မှုကြောင့်မှ တော်လှန်ရေးခြေလှမ်းကို လုံးဝရပ်တန့်မှာ မဟုတ်ဘူးလို့လည်း မတ္တရာပကဖ က ဆိုပါတယ်။

အများပြည်သူ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင် မရောက်မချင်း ရန်သူကို မျက်နှာမူပြီး တိုက်ခိုက်ကာ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်သွားမယ်လို့ အသိပေးထားပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တော်လှန်ရေးစတင်ချိန်ကတည်းက ရရာလက်နက် စွဲကိုင် တော်လှန်ခဲ့တာဖြစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံပြီးမှသာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ နိုင်ငံ့တာဝန်ကို ပြောင်းလဲထမ်းဆောင်ကြမယ့် ရဲဘော်ရဲဘက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။