မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၇ ရက် မနေ့က မနက် ၅ နာရီခွဲလောက်က ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြား သံဇလုံ စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ သေဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း တာဝန်ရှိသူကလည်း မောင်းကို ပြောပါတယ်။

စစ်ကြောင်းမှူး ရဲဘော် ဆိပ်ဖြူ (ခေါ်) ရဲဘော် ဟိန်းမင်းသူ ကျဆုံးမှုနဲ့ ပတ်သက်ပြီး Yenanthar Column ကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

အဆိုပါ သံဇလုံဂိတ်တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းနဲ့ Yenanthar Column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုထံက သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Yenanthar Column

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြောင်း စစ်သုံ့ပန်း စစ်ကောင်စီဗိုလ်ကြီး ဝန်ခံ (ရုပ်/သံ)

ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။
Read More

ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ခံထားရတဲ့ တောင်းအင်စစ်စခန်းမှာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။