ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသလို ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CDF-Hakha က မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ဗန်ဟားကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူတွေ စာသင်နေချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကျောင်းသားနဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၂၁ ယောက်ထဲက ၂ ယောက်ကလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဗန်ဟားကျေးရွာက CDF-Hakha ရဲ့ တပ်စခန်းမဟုတ်သလို အရပ်သားပြည်သူ ကလေးတွေ စာသင်နေတဲ့ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ နိယာမတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲအကြိုကာလတွေမှာ အရပ်သားတွေကို တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်နေခြင်းဟာ တရားမဝင်ရွေးကောက်ပွဲဖြစ်တာကို ပြသနေတာကြောင့် အဆိုပါ ရွေးကောက်ပွဲမှာ ဘယ်သူမှ မပါဝင်ကြဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ CDF-Hakha က ဆိုပါတယ်။

CDF-Hakha အနေနဲ့လည်း ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းနိုင်တဲ့အထိ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မူးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများက CDF-Mindat ထံ အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။