ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာ စက်တင်ဘာလ (၂၇) ရက် မွန်းတည့်ချိန်က အကြမ်းဖက်စစ်တပ်ဟာ ဝိုင်ကျေးရွာအတွင်း (Y-12)  လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှု ကြောင့် ကျေးရွာနေ အသက် (၅၂) နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး (၁၈) နှစ်အရွယ် မိန်းကလေးငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်မှာလည်း စက်တင်ဘာလ (၂၄) ရက် ညပိုင်းက  အကြမ်းဖက်စစ်တပ်ဟာ ပရဲစီကျေးရွာအတွင်း (၈၁) မမ (၁) လုံး ပစ်ခတ်ခဲ့ရာ ပရဲစီ ကျေးရွာရှိ စစ်ဘေးစစ်ရှောင်နေတဲ့ ရေလဲကျေးရွာ (၄၃) နှစ်အရွယ်နဲ့ (၁၃) နှစ်အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချို၊ တောင်ခမ်းရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချ တိုက်ခိုက်

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။