မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားကျော်ခိုင်ဟာ အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် စက်တင်ဘာ ၂၃ ရက်မှာ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေဟာ စစ်ကော်မရှင်တပ် နယ်မြေအထိ ဝင်ရောက်ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားကျော်ခိုင်ဟာ BA94 (MA-13) ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၈၀ တောင့်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့လည်း သိရပါတယ်။

အခုလို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ရဲတပ်သား ကျော်ခိုင်ကို ငွေကျပ်သိန်း ၅၀ ပေးအပ် ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ ဆက်လက်အလင်းဝင်လိုသူတွေကို နွေးထွေးစွာကြိုဆိုသွားမှာဖြစ်သလို ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံ လိုရင်လည်း ဆက်သွယ်နိုင်တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။