ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂ ရက် မနေ့က ညပိုင်းမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်ကို ပေါင် (၅၀၀) ဗုံး (၂)လုံးကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေ ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကုမုဒြာဟိုတယ် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၁) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၃) လုံး ထိခိုက်ပျက်စီး သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂ရက် မနက်ပိုင်းကလည်း နမ္မတူမြို့ရှိ စစ်ရေး ပစ်မှတ် မဟုတ်တဲ့ ပြည်သူတွေ တည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ပေါင်(၅၀၀) ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သား (၅) ယောက် ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က TNLA စိုးမိုးနယ်မြေတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုး နဲ့ ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းက အနန်းကွင်းကျေးရွာက အိမ်ခြေ ၅၀ ခန့်ကို မီးရှို့ဖျက်ဆီး…

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်က်ု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း အပတ်စဉ်(၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အခြေစိုက်ထားတဲ့ ကျားသစ်နက်စစ်ကြောင်းရဲ့ အပတ်စဥ် (၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ကြောင်း ဒီနေ့ဧပြီလ ၁၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။