မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် မြောက်လူးကန်ကျေးရွာဘက် မောင်းနှင်လာတဲ့ ဆယ်ဘီးကားကို ရေစကြိုမြို့နယ် တောလမ်းတစ်နေရာမှာ Southern Yesagyo Local တပ်ပေါင်းစုက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကားကို စစ်ဆေးရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဂန်ဂေါခရိုင်၊ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လေလံတင်ရောင်းချလိုက်တဲ့ ကျွန်းပျဉ်တွေကို တင်ဆောင်လာတာဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပခုက္ကူလေယာဥ်ကွင်း ပြုပြင်တည်ဆောက်ရေးအတွက် ပခုက္ကူမြို့နယ် မြောက်လူးကန်ကျေးရွာကို ပို့ဆောင်မှာဖြစ်ကြောင်း သိရတယ်လို့ Southern YSO PDF က ပြောပါတယ်။

ကားပေါ်တင်ဆောင်လာတဲ့ တန်ချိန် ၈.၁၅၃ ရှိ ကျွန်းပျဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ ဦးအောင်ကိုလတ် ဆိုသူထံ လေလံတင်ရောင်းချလိုက်တာဖြစ်ကြောင်းနဲ့ သယ်ဆောင်ရာ လမ်းတလျှောက်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခွန်ဆောင် ဖြတ်ပိုင်းတွေလည်း သိမ်းဆည်းစစ်ဆေးရမိတယ်လို့ Southern YSO PDF က သက်သေစာရွက်စာတန်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။

“သစ်များသည် ပြည်သူအိုးအိမ်၊ စည်းစိမ်၊ အသက်ဘဝကို လေကြောင်းဖြင့် သတ်ဖြတ်ဖျက်ဆီးနေသော အကြမ်းဖတ်အာဏာရူး မအလရဲ့ လေယာဉ်ကွင်း တည်ဆောက်ရေးအတွက် အကျိုးပြုနေသည်ကို တွေ့ရပါသည်။ လေကြောင်းကြောင့် ပျက်စီးဆုံးရူံးခဲ့ရသူများသာ ခံစားချက်ကို အသိဆုံးဖြစ်ပါလိမ့်မည်။ အာဏာရှင်လုပ်ငန်းအကျိုးပြုဖြစ်စေမည့် လုပ်ငန်းများကို ဟန့်တားရမည်က အမှန်တရားပင်ဖြစ်ပါသည်။” ဆိုပြီးတော့လည်း Southern YSO PDF က ရေးသားထားပါတယ်။

ဒါ့အပြင် အခုလိုဖမ်းဆီးရမိဖို့အတွက် ကြိုတင်သတင်းရရှိတာမျိုး၊ ပြင်ဆင်ထားတာမျိုးမရှိကြောင်းနဲ့ အဖွဲ့ လုံခြုံရေးယူထားတဲ့ ဧရိယာအတွင်းဝင်ရောက်လာလို့သာ ဖမ်းယူစစ်ဆေးခဲ့တာလို့လည်း ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

Southern YSO PDF ကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျွန်းသစ်တွေနဲ့ ကားကို တော်လှန်ရေး အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

သစ်တွေ သွားရောက်ပို့ဆောင်မယ့် မြောက်လူးကန်ကျေးရွာဟာ ပခုက္ကူမြို့လေယာဉ်ကွင်းနဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ တည်ရှိပြီး ယာခင်း တစ်ကွက်သာခြားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးရမိသော ကျွန်းသစ်တင်ကားနှင့် ကျောတိုက်နယ် ပအဖ ရောင်းချထားသည့်စာ (ဓာတ်ပုံ Southern YSO PDF)

0 Shares:
You May Also Like
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်စဉ် စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိကာ ခြေထောက်ကျိုး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် ပြည်သူ (၆)ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။