မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက် မနေ့ မနက်အစောပိုင်းက မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၇၁ လမ်း/၇၂ လမ်းကြားရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ကို အမျိုးသား ၁ ယောက်က ခြံကျော်ဝင်ရောက်ကာ ဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

ဖုန်းဆိုင်အတွင်းရှိ ဆိုင်ကယ် ၂ စီးအပါအဝင် Bluetooth Boxအပါအဝင် Internet WiFi Router တွေနဲ့ အခြားသော Accessories ပစ္စည်း တန်ဖိုး သိန်း ၃၀ ကျော်ဖိုးကို ခိုးယူသွားတယ်လို့ သိရပါတယ်။

၂၀၂၁ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့နေရာအနှံ့အပြားမှာ ဓားပြမှု၊ ခိုးမှု၊ လူသတ်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ပေါများလာပြီး မြို့ပြည်သူတွေဟာ စိတ်မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို နေ့စဉ်ခံစားနေကြရပါတယ်။

Video – Bandula Mobile – Myanmar

0 Shares:
You May Also Like
Read More

အင်အားပြင်းငလျင်လှုပ်ခတ်စဉ် မဟာမုနိဘုရားကြီး CCTV မှတ်တမ်း

မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ ငလျင်လှုပ်ခတ်မှုအတွင်း မြင်တွေ့ရတဲ့ CCTV မှတ်တမ်းရုပ်သံဟာ ဒီနေ့ ဧပြီ ၇ ရက်မှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့လာပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ထက်စည်သူ၏ ပြောကြားချက် (ရုပ်/သံ)

''မင်းတို့ အလင်းဝင်မယ်ဆိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မင်းတို့ကို မသတ်ပစ်ဘူးဆို ရင်တောင်မှာ မင်းတို့ကောင်တွေကို ရှေ့တန်းပို့မယ်၊ မင်းတို့ခြေထောက်တွေကို ခြံခြေချင်းခတ်ပြီး တော့ အဲလိုတွေ ပြောတယ်''
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် ကသာခရိုင်၊ အမှတ် ၄ တပ်ရင်း စစ်မေများရဲ့ မွေးနေ့ဆုတောင်း (ရုပ်/သံ)

ကသာခရိုင်၊ အမှတ် ၄ တပ်ရင်း စစ်မေများက ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်တောင်းခဲ့ကြပါတယ်။
Read More

အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မပေါက်ကွဲသေးသည့် ဗုံးသီးများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ T5 Wings အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။