တနင်္သာရီတိုင်း၊ ရေဖြူမြို့ယ်၊ ရာဖူးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ယောက် ဦးခေါင်းထိမှန် သေဆုံးသွားခဲ့တယ်လို့ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးထံက သိရပါတယ်။

စက်တင်ဘာ ၈ရက် မနက် ၁၁ နာရီလောက်က မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရာဖူးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ကျရောက်ပေါက်ကွဲမှုကြောင့် ရာဖူးရွာက အသက် ၃ နှစ်အရွယ် မငွေမှုံဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး ကိုဝင်းရွှေ (၄၀ နှစ်) ခြေသလုံး ထိမှန်ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ရာဖူးရွာနဲ့ မရမ်းချောင်းရွာက ၃မိုင်လောက်ပဲ ဝေးတယ်။ အရင်ကလည်း ၃ ကြိမ်ထက်မနည်း ပစ်ခတ်ပြီး ရွာသားသေဆုံးမှု ရှိခဲ့တယ်။ အဲဒီနေ့မတိုင်ခင်က တစ်နေကုန် နာရီဝက်တစ်ခါ ပစ်တယ်။ ကလေး ထိခိုက်သေဆုံးတဲ့နေက ၂ လုံး စပစ်တယ်။ သေဆုံးကလေးက ပဲခူးတိုင်း မုန်းမြို့နယ် ရွှေ့ပြောင်းအလုပ်သမား မိသားစုပါ။ ဒဏ်ရာရတစ်ယောက်က ရွာသားပါ” လို့ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ၃ နှစ်အရွယ် မငွေမှုံဦး

လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ ကလေးငယ် မငွေမှုံဦးရဲ့ ဖခင်ကိုလည်း အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက စက်တင်ဘာ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“စစ်ကောင်စီက ရွာထဲ ညပိုင်းဝင်လာပြီး တွေ့သမျှ ယောက်ျားတွေ ဖမ်းတဲ့အထဲ ပါသွားတယ်။ ရာဖူးရွာမှာပဲ ဖမ်းတယ်။ သူတို့စစ်ကြောင်းသွားတဲ့ နေရာတွေကို လူသားဒိုင်းအဖြစ် ခေါ်သွားတဲ့ပုံစံပါ။ ရွာထဲမှာက ဒေသခံတွေ အနည်းငယ်ပဲ ကျန်တယ်။ ကျန်တာ အကုန်ရွှေ့ပြောင်းကြတယ်” လို့ စောဒါးကိုက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလိန်အောင်ဘက်ကနေ တက်လာတဲ့ ကား ၂ စီးကို စစ်ကော်မရှင်တပ်သားတွေက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့သလို ကားသမားတစ်ယောက်လည်း သေဆုံးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

မတူပီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများကို CDF မတူပီကဖောက်လုပ်နေ (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ-၁) CDF-MATUPI (Brigade-1)အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမများ၊ရွာချင်းဆက်လမ်းများကို အကောင်ထည်ဖော်ဖောက်လုပ်/ပြုပြင် လျှက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

တော်လှန်ရေးတပ်များ စီးနင်းသိမ်းပိုက်ခဲ့သည့် မုံရွာ တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီ လေကြောင်း၊ မြေပြင်စစ်ကူထိုးပြီး ပြန်လည်သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင် ဘုရားတောင်ပေါ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့တဲ့  MRTV တာဝါတိုင်စခန်းကုန်းကို လေကြောင်းပစ်ကူများသုံးပြီး စစ်ကောင်စီက ပြန်လည်တပ်စွဲထားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်တွေကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပုသိမ်ထောင်သို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသား အားလုံး ပုသိမ်ထောင်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။