မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၁၉ ရက် မနက်ပိုင်းက ရှလရွာနဲ့ ကျွန်းချောင်းရွာအပါအဝင် ဆိပ်ဖြူမြို့နယ်ထဲကို စစ်ကော်မရှင်က Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှလရွာက ပြည်သူ ၄ ယောက် သေဆုံးပြီး ၂ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျွန်းချောင်းရွာက ပြည်သူ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သား ၃၂ ယောက်အထိ သေဆုံးခဲ့ရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဝယ်ယူထားတဲ့ ဒရုန်းတွေ စမ်းသပ်မှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက် ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူပြီး စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ထံက သိရပါတယ်။
Read More

ကနီမြို့အနီး တိုက်ပွဲတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သားများကို လက်နက်ချရန် ဖိတ်ခေါ်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး အထိနာနေစဉ် လက်နက်ချဖို့ ဖိတ် ခေါ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေမှု မှတ်တမ်း (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Inle People Defense Force-IPDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Cover ကမ်ပိန်း လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြား ဝယ်ယူပြီး ကရင်နီရဲဘော်တွေကို တင်ဆင်ပေး (ရုပ်/သံ)

Cover ကမ်ပိန်းကနေ ရရှိလာတဲ့ လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားတွေ ဝယ်ယူပြီး ကရင်နီရဲဘော် ၄၀ ကျော်အတွက် တင်ဆင်ပေးနိုင်ခဲ့တယ်လို့ Karenni Democratic Front ထံက သိရပါတယ်။