ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 

ဩဂုတ်လ ၁၁ ရက် မနက် ၄ နာရီခွဲအချိန်မှာ စစ်ကော်မရှင်တပ် အင်အား ၁၀၀ ကျော်ခန့်ဟာ သစ်နီတောကျေးရွာကို ဖောကား ၇ စီးနဲ့ ထွက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ညနေ ၆ နာရီအချိန်မှာ ရုံးပင်တက်ရွာအနောက်ကုန်းကိုအရောက် ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ သဲကုန်း၊ ပေါင်းတည်ပကဖ အဖွဲ့ ၃ ဖွဲ့တို့ရဲ့ သုံးပွင့်ဆိုင်မိုင်းကွင်းနေရာမှာ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁၃ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သေဆုံးတွေက မျက်မြင်တွေလည်းပါပါတယ်။ သဲကုန်းမြို့ပေါ်နဲ့ ၁၅ မိနစ်ပဲဝေးတော့ သတင်းက တိတိကျကျ သိရပါတယ်” လို့ ပြည်ခရိုင်စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ 

အဲဒီနောက် ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းမှာ ရုန်းပင်တက်ရွာကို ရောက်ရှိနေတဲ့ စစ်သားတွေဟာ စစ်ရှောင်ပြည်သူတွေရှိရာကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကော်မရှင်တပ်တွေဟာ နေ့လယ် ၁၁ နာရီခန့်မှာ သဲကုန်းမြို့နယ်ထဲက ဓားသွေးကျောက်ရွာကို မီးရှို့နေတာကြောင့် ပြည်ခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့ နဲ့ သဲကုန်းမြို့နယ် ပကဖ အဖွဲ့တို့က လက်နက်ကြီးတွေနဲ့  သွားရောက်ပစ်ခတ်ခဲ့ရာ ပဲသီတာဘုရားကုန်းဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ 

ပြည်ခရိုင်စစ်ရေးတာဝန်ခံက ဆက်လက်ပြီး “စစ်ရှောင်တွေက များပါတယ်။ မိုးတွေကလည်းရွာ၊ ဒီကောင်တွေကလည်း ဒရုန်း ၅ စီးနဲ့ ပတ်ဝဲနေတာဆိုတော့ ကျနော်တို့လည်း ကူညီဖို့ အတော်လေးခက်နေတယ်။ အဆင်ပြေသလို ရှောင်ပုန်းနေကြရတယ်။ ပြီးတော့ စစ်ကားတွေ ၃စီး အပြည့်၊ ဆန်တွေ၊ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ ခိုးပြီး သဲကုန်းမြို့ပေါ်ကို သယ်နေပါတယ်။ အခေါက်ပေါင်းများစွာ တိုက်ယူမယ့် သဘောရှိတယ်” လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ရှောင်ပြည်သူတွေဟာ ပေါင်းတည်၊ ပေါက်ခေါင်း၊ သဲကုန်းမြို့ပေါ်တွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကျည် အကြွင်းအကျန်အား မြင်တွေ့ရပုံ (ဓာတ်ပုံ ပြည်ခရိုင် ပကဖ)

0 Shares:
You May Also Like
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Generation Z Power – GZP (Mandalay) ၏ အပတ်စဥ် (၁၀) အခြေခံစစ်သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း ပေးအပ်ပွဲ… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအခြေစိုက် Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အပတ်စဥ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။