မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ၄င်းတို့ရဲ့တပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MSRF  က ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသင်တန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကျန်းမာရေးဌာန(DoH) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ကမကထပြုလုပ်ခဲ့တာဖြစ်ပြီး၊ သင်တန်းကာလ ၁ ကြာမြင့်ခဲ့ကာ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေး (YPDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါနတပ်ရင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တပ်ရင်း(၁)၊ ပြည်ထဲရေးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ ၁၉ ယောက် တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။

Video – Mon State Revolutionary Force – MSRF

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

တောင်သာမြို့ Off-Take Gas Station တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခံရ၊ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် Off-Take Gas Station မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပကဖ၊ တောင်သာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’ ပရောဂျက်တွင် တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ KNDF B-09 ရဲဘော်တွေ တိုက်တွန်းနှိုးဆော် (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်-၉ တပ်ရင်း (KNDF B-09) မှ ပြုလုပ်ထားတဲ့ “ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’  သိန်း (၅၀၀၀ ) ပရောဂျက်ကြီးမှ တော်လှန်ပြည်သူတွေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။