မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၆ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၀) ယောက်၊ အမျိုးသား (၅၅) ယောက် စုစုပေါင်း (၆၅) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ယောက် ပါဝင်ပြီး မကွေးတိုင်းမှာ (၁၅) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်သလို မန္တလေးတိုင်းမှာ (၈) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် အပါအဝင် ဒေသခံအမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာမညမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ အနီးကပ်ထုခံရ

ကရင်ပြည်နယ်၊ သာမညဒေသမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဟိုက်ဂျက်ကား RPG နဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။