ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ ကမ္ဘောဒီးယားဘက်က ၎င်းတို့အကြား နယ်စပ်အငြင်းပွားမှုဖြစ်ပွားနေတဲ့ Ta Muen ဘုရားကျောင်းအနီးမှာ ကြာသပေတးနေ့အစောပိုင်းက ထောက်လှမ်းရေးဒရုန်းတစီး စေလွှတ်ခဲ့ကြောင်း၊ အဲဒီနောက် ကမ္ဘောဒီးယား တပ်သား ၆ ဦး ခြံစည်းရိုးအနီးရောက်လာကြောင်း၊ ထိုင်းဘက်က ညှိနှိုင်းပြောဆိုခဲ့ပေမဲ့ မနက် ၈း၂၀ ခန့်မှာ ကမ္ဘောဒီးယားဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း သိရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ထိတွေ့မှုတွေအတွင်း ဆူရတ်ခရိုင် Prasat Ta Muen နယ်မြေမှာ ထိုင်းဘက်က စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဘုရင့်တပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Richcha Suksuwannont က အတည်ပြုပြောဆိုပါတယ်။

ထိတွေ့မှုတွေအတွင်း ကမ္ဘောဒီးယားဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ကြောင်း၊ ကမ္ဘာဒီးယားရဲ့ BM-21 လက်နက်ကြီးကျည်ကြောင့် PTT ဓာတ်ဆီဆိုင်က အဆောက်အဦး ၂ လုံး ပျက်စီးပြီး ကျောင်းသားတွေ၊ အရပ်သားတွေ ထိခိုက်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ရေးပါတယ်။

လတ်တလောဖြစ်သွားတဲ့ ဖြစ်ရပ်တခုမှာလည်း ကမ္ဘောဒီးယားစစ်သားတွေက BM-21 ဒုံးပျံတွေကို ထိုင်းနယ်စပ်ဘက် ပစ်လွှတ်လိုက်တာကို မြင်ခဲ့ရကြောင်း၊ ထိုင်းဘက်က ကလေးတဦး အပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရကြောင်းလည်း သိရပါတယ်။

ကမ္ဘောဒီးယားဆီးနိတ်လွှတ်တော်ဥက္ကဌ ဟွန်ဆန်ကတော့ ပစ်ခတ်မှုကို ထိုင်းဘက်က စတင်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်ဘက်က ပြန်တိုက်ဖို့ကလွဲရင် ရွေးစရာမရှိဘူးလို့ ကြာသပတေးနေ့နံနက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာလည်း ထိုင်းဘုရင့်လေတပ်ဘက်က F-16 တိုက်လေယာဉ် ခြောက်စီးကို တပ်ဖြန့်ချထားဖို့ အမိန့်ပေးခဲ့ကြောင်း၊ အဲဒီနောက် ၎င်း F-16 တိုက်လေယာဉ်တွေက ကမ္ဘာဒီးယားရဲ့ ကြည်းတပ်ဌာနချုပ်နှစ်ခုကို ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း ၎င်းတို့ရဲ့ တရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Khaosod English)

0 Shares:
You May Also Like
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ဩစတေးလျနှင့် တောင်ကိုရီးယားတွင် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုများ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။