ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၁ရက် မနက် ၆နာရီလောက်က အဆိုပါ အုပ်ချုပ်ရေးမှူး ရဲအောင်နဲ့ ဇနီး ခင်မာရီတို့ ၂ယောက်ဟာ ကွေ့ချောင်းရပ်ကွက်ထိပ် လမ်းမပေါ်မှာရှိနေချိန် ခေါင်းကို တစ်ယောက်တစ်ချက်စီ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း လုပ်ဆောင်ခဲ့တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောပါတယ်။

“လမ်းထိပ်အလာကို ကြိုတင်သတင်းရလို့ စောင့်ပြီး ရှင်းတာပါ။ ခေါင်းကို တစ်ချက်စီ ပစ်ခဲ့ပါတယ်။ ကျည်ကုန် မခံဘူး။ ပြီးတော့ လှည့်ကြည့်စရာမလိုအောင် လုပ်ခဲ့တာပါ။ သူက ခုခံချိန် မရလိုက်ဘူး။ လက်ပစ်ဗုံး ထုတ်ချိန် မရလိုက်ဘူး” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တပ်ခွဲမှူး ရဲဘော်‌ ဒေဝက မောင်းကို ပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးထံက လက်ပစ်ဗုံး ၁လုံး၊ မိုဘိုင်းဖုန်း ၁လုံး၊ မှတ်ပုံတင် ၂ခု၊ လုံကြမ်းကတ် ၁ခုနဲ့ ငွေသား ၈၅၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ရဲအောင်နဲ့ ဇနီး ခင်မာရီဟာ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့နဲ့ ကြံ့ခိုင်ရေးပါတီ ဝင်မယ်ဆိုရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ်လို့ လူငယ်တွေကို စည်းရုံးတဲ့အပြင် ပြည်သူတွေထံက စစ်မှုထမ်းကြေးဆိုကာ ငွေကြေး ခြိမ်းခြောက် ကောက်ခံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ အုပ်ချုပ်ရေးမှူးဟာ စစ်အုပ်စုရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် တာဝန်ယူပြီး တော်လှန်ရေးအဖွဲ့တွေကို စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ သတင်းပေးလုပ်ဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“အကြိမ်ကြိမ် သတိပေးခဲ့တာပါ။ လင်မယား ၂ယောက်လုံးကို ၄ကြိမ် သတိပေးခဲ့တယ်။ သူတို့ကြောင့် ဖမ်းဆီးခံရတာ ရပ်ကွက်မှာ လူငယ်တွေ မရှိကြတော့ဘူး။ ပြေးတဲ့လူ လွတ်တယ်” လို့ တပ်ခွဲမှူး ဒေဝ က ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက လမ်းမှန်သမျှ ပိတ်ဆို့ထားခဲ့သလို အခင်းဖြစ်ပွားတဲ့နေရာက ထွေအုပ်ရုံးနဲ့ နီးတာကြောင့် မနက် ၈နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခြောက်လှန့်ပြီး အလောင်းတွေကို လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခ‌ပေးနေတဲ့ စစ်ကောင်စီတပ်အပြင် စစ်ကောင်စီ ထောက်တိုင်တွေကိုပါ အရှိန်မြှင့်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေ သတိပြုသွားလာနေထိုင်ကြဖို့ အဆိုပါ တပ်ဖွဲ့က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

နတ်မောက်တွင် အကြမ်းဖက်စစ်ကြောင်း ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းခွဲထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။