ကချင်ဒေသအတွင်း KIA နဲ့ အတူ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဗမာ့တပ်တော်ရဲဘော်တွေရဲ့  စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော်က ထုတ်ပြန်လိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းပြီး မတ်လ ၇ ရက်က စလို့ အထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော်ရဲဘော်တွေက စစ်ကောင်စီတပ် စခန်းကြီး၊ စခန်းငယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိတယ်လို့ သိရပါတယ်။

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အဓိကခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်ဘွမ် (ပွိုင့်-၇၇၁) ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ် (သံခမောက်တောင်) ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနဲ့ တာဝါတိုင်းကုန်းစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးတလျှောက် ဗျူဟာကျတဲ့ အမှတ် (၃၇၀)အမြောက် တပ်ရင်းဌာနချုပ်၊ အမှတ် (၆၁၆) ဒုံးတပ်ရင်းနဲ့ စကခ ၂၁ (ဗန်းမော်) လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၃၇၊ ခလရ ၄၃၇ စတဲ့ တပ်ရင်းဌာနချုပ်တွေကို ဗမာ့တပ်တော်ရဲဘော်တွေက ပါဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဗျူဟာကောင်းတွေ၊ အတွေ့အကြုံကောင်းတွေနဲ့အတူ ရဲဘော်တွေကို တိုက်ခိုက်မှုစွမ်းရည် ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီပေးခဲ့တဲ့ KIA ကို အထူးကျေးဇူးတင်ရှိကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်ထားပါတယ်။

Video – ဗမာ့တပ်တော်-Bamar Army

0 Shares:
You May Also Like
Read More

ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ‘Mufasa: The Lion King’ ဇာတ်ကားမှ ဇာတ်ကားဝင်တစ်ခုကို KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်လူမှုကွန်ရက်မှာ မျှဝေ (ရုပ်/သံ)

တရုတ်နိုင်ငံဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားများ ပြင်းထန်လာချိန်မှာ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ 'Mufasa: The Lion King' ကာ တွန်းဇာတ်ဝင်ခန်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

တောင်ငူမြို့နှင့် ၄ မိုင်အကွာရှိ ခလရ ၃၉ တပ်ရင်းအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြဝတီမြို့နယ် မင်းလက်ပံရွာအထက်တန်းကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ရက်တည်းမှာပဲ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတွေကိုလည်း ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Read More

Loikaw Local PDF တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ အကာအကွယ်ပစ္စည်းတွေတပ်ဆင်ပေး (ရုပ်/သံ)

Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော် ငွေတွင်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်ခိုက်မှု ၅ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာကထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ တပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တော်လှန်ရေးတပ်‌ပေါင်းစုတွေ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ ထံက သိရပါတယ်။