တနင်္သာရီတိုင်း၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ဖို့ သွားရောက်စဉ် နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်ဦးမှုရယူတိုက်ခိုက်နိုင်တဲ့အတွက် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း(၃)-KBDF၊ LPF ၊ ဒေါနစစ်ကြောင်း (၂) – YGF ၊ NMSP (AD) နဲ့ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Mon State Revolutionary Force – MSRF

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ရှောင်လမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကြအိုကျေရွားမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ Black Eagle PDF -Bagan မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"
Read More

မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို နိုဝင်ဘာ ၁၁ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။