ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ဒေးဗစ် (ခ) နေဝင်းရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) – Loikaw PDF က မနေ့က ထုတ်ပြန်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကျဆုံးရဲဘော် ဒေးဗစ် (ခ) နေဝင်းဟာ ဇွန်လ ၂၆ ရက်က ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးရဲဘော်ဒေးဗစ် (ခ) နေဝင်းဟာ တော်လှန်ရေးတိုက်ပွဲများစွာမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့သလို စွမ်းရည်ပြည့်ဝတဲ့ ရဲဘော်တစ်ယောက် ဖြစ်တယ်လို့ Loikaw PDF က ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရဲစွမ်းသတ္တိနဲ့ ပြည်သူ့အကျိုးအတွက် ရည်မှန်းပြီး မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူသလို အသက်စွန့်ပေးဆပ်မှုကိုလည်း အမြဲအမှတ်ရကာ ဝမ်းနည်းကြေကွဲစွာ ဦးညွှတ်ဂုဏ်ပြုကြောင်း Loikaw PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။