ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး စတဲ့ကျေးရွာတွေ၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊ လက်နက်ကြီး (၁၁၂) လုံးနဲ့ ဒရုန်းနဲ့ ဗုံးအလုံး (၂၀) လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂)ရက်က နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၃)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနဲ့ လုံစံကျေးရွာကြား လက်နက်ကြီး (၁၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။


တိုက်ပွဲမဖြစ်ပွားတဲ့ ငုက္ခလေးကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁)ရက်ကလည်း အုမ္မခါး၊ မျက်ချီးနု၊ လုံစံနဲ့ ကျောက်တောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တိုက်ပွဲမဖြစ်ပွားတဲ့ နောင်လင်၊ ကျောက်ကြမ်း၊ ကသဲမျှောင်၊ နားမုံနဲ့ ရွှေပြည်ညွှန့်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၄၃)လုံး၊ ဒရုန်းနဲ့ ဗုံး (၂၃)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ တိုးလာဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ကမ်ပိန်းစာသားများ ရွတ်ပေးရန် အနုပညာရှင်များကို စစ်ကော်မရှင် စေခိုင်းထား၊ ညှိနှိုင်းမှု မဟုတ်တော့ဘဲ ပြင်းထန်စွာ ဖိအားပေးနေဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။