ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်ပြီး ပြည်သူများ လေးစားချစ်ခင်ရသည့် လူထုခေါင်းဆောင်၏ မွေးနေ့တွင် ယခုကဲ့သို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ရသည့်အတွက် ဝမ်းမြောက်မိပါသည်။ တစ်ဖက်တွင်လည်း မွေးနေ့ရှင်ကိုယ်တိုင်မပါဝင်ဘဲ ကျင်းပ ရသည့် မွေးနေ့ဖြစ်နေခြင်းကြောင့် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။ ပြည်သူနှင့်အတူ သူမ၏ သက်တမ်းတလျှောက် ခိုင်မာစွာ ရပ်တည်ခဲ့သည့် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်နေသည်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ ” လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဟာ သာမန် မွေးနေ့သက်သက်မဟုတ် အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်နဲ့အတူ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ဆန္ဒကို ကမ္ဘာကို ပြသတဲ့နေ့လည်း ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကနေ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ မွေးဖွားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးကစတင်လို့ လူထုခေါင်းဆောင်အဖြစ် ပြည်သူလူထု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဒီမိုကရေစီခရီးကြမ်းကြီးကို ဆယ်စုနှစ်ပေါင်းများစွာ ဇွဲလုံ့လမလျှော့စတမ်း လျှောက်လှမ်းခဲ့သူ ဖြစ်တယ်လို့လည်း NUG ဝန်ကြီးချုပ်က ဆိုပါတယ်။

အသက်အန္တရာယ် အကြိမ်ကြိမ် ခြိမ်းခြောက်ခံရမှုအပါအဝင် အနုနည်း၊ အကြမ်းနည်း ပေါင်းစုံနဲ့ အာဏာရှင် အဆက်ဆက်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရပေမယ့် မတုန်မလှုပ် ကြံ့ကြံ့ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို ခွဲထုတ်ဖို့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာကို တွေ့ရှိရတယ်လို့လည်း ဝန်ကြီးချုပ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ကိုယ်စားလှယ်အသီးသီး၊ ခေါင်းဆောင်အသီးသီးကို လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ခွင့်မပြုတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု တော်လှန်ရေးကြီး တစ်ခုလုံးအပေါ် သက်ရောက်နိုင်စွမ်းကို အကြမ်းဖက်စစ်အုပ်စုက အင်မတန်ကြောက်ရွံ့တာကြောင့် ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

ပြည်သူနဲ့ အမြဲအတူရှိတဲ့ လူထုခေါင်းဆောင်ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေနဲ့ အပြည့်အဝ ရပ်တည်နေတာကြောင့်သာ လူထုခေါင်းဆောင်ကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘယ်သူနဲ့မှ တရားဝင် တွေ့ဆုံခွင့် မပေးရဲတာဖြစ်တယ်လို့လည်း NUG ဝန်ကြီးချုပ်က ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးရှိနေသရွေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေဦးမယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သူ့ရဲ့သဝဏ်လွှာမှာ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ နတ်မောက်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း၊ နတ်မောက်မြို့ကို အာဇာနည်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ ဘုရားစေတီ ထိခိုက်ပျက်စီးခဲ့တယ်လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။